Tuesday, October 20, 2009

ရွေးကောက်ပွဲပျက်အောင်လုပ်ပေးမယ်

ဂျပန်ကိုကျုပ်နဲ့ကြာကူလီမြတ်စိုးအလည်သွားကြတယ်။
မြတ်စိုးကလည်းအလုပ်ပြုတ်နေတာနှစ်ချီနေပြီ။ဒီကောင်-ကားကုမ္မဏီမှာလုပ်တုံးကရောင်ကြီးဗွေနဲ့ရာထူးအတူတူ။
အကြောင်းမသိသူတွေကြားမှာသာလျှောက်ကြွားနေတာ။ရောင်ကြီးဗွေက“ဟေ့ကောင်မြတ်စိုး-ပါးစပ်ပိတ်လိုက်စမ်း”ဆို
ငြိမ်သွားရတယ်။ခုတော့-ထားဝယ်မြို့ကယောင်္ကျားနဲ့ပြဿနာတက်နေတဲ့မီးမီးကိုကြာကူလီရိုက်နေတယ်။
ဒီကောင်ကလည်းအလုပ်မရှိ။ ကျူပ်ကလည်းအလုပ်မလုပ်ချင်။အမေရိကားမှာတိုးမရတော့ဂျပန်မှာဂွင်သွားရိုက်ရအောင်လို့
မြတ်စိုးကအကြံပေးတယ်။ဒီကောင်မဆိုးဘူး။အချောင်နှိုက်မဲ့အကွက်အမြဲမြင်တယ်။

ဂျပန်ကရဲဘော်တွေကတက်ကြွတယ်ဗျ။မိုးသီးထမိန်စုတ်နားခိုစားနေတာတွေ၊ကွင်းစ်ထဲကလက်ဘက်ရည်ဆိုင်မှာသင်္ကန်းကျွန်းက
ဂျလေဘီစရိုက်လိုနေနေတာတွေမသိဘူး။တော်လှန်ရေးလုပ်နေတယ်ထင်ပြီးပြုစုလိုက်ကြတာဗျာ။တသက်လုံးသူများမယားကြာခိုဖို့
ပဲစိတ်ဝင်စားတဲ့မြတ်စိုးကလည်းအတည်ပေါက်ရှေ့ထွက်တရားဟောတယ်ဗျာ။ကျုပ်တို့ချင်းတော့ကြိတ်ရယ်နေကြတာပေါ့ဗျာ။
“ဟေ့ကောင်မြတ်စိုး၊သိတ်ပြီးအပိုတွေလျှောက်မပြောနဲ့၊ငါရယ်ချင်လွန်းလို့ပါ”လို့သတိပေးရတယ်။
ညနေကျတော့ ဂျပန်မှာတရားဝင်နေထိုင်ခွင့်ရဖို့ကြိုးစားနေတဲ့ဗမာပြည်သားတွေကထမင်းစားခေါ်တယ်ဗျ။
ကျုပ်တို့ကလည်းအမေရိကားမှာသာနေတာ၊ဟင်းကောင်းကောင်းမစားရတော့အကြိုက်ပဲ။
သူတို့ကထမင်းစားပွဲမှာအကူအညီတောင်းတယ်။
“ကျောင်းသားခေါင်းဆောင်ကြီး၊ကျမတို့ကိုကူညီပါအုံး။၂၀၁၀ရွေးကောက်ပွဲပြီးသွားရင်ကျမတို့ကိုဂျပန်အစိုးရကနေထိုင်ခွင့်ပေးမှာ
မဟုတ်တော့ဘူး။ဒါကြောင့်ရွေးကောက်ပွဲကိုဖျက်ပေးပါ”တဲ့
ကျုပ်တို့လည်းဝက်သားတုံးကိုက်ပြီးခွေးဘုရားပွဲတွေ့သွားတယ်။အကွက်ပဲ။ငွေတောင်းလိုက်အုံးမယ်လို့စိတ်ထဲကကြုံးဝါးလိုက်တယ်။
“ရွေးကောက်ပွဲပျက်အောင်လုပ်ပေးမယ်စိတ်ချ၊ဒါပေမဲ့ငွေလိုတယ်ဗျ။ခင်ဗျားတို့ဘယ်လောက်ထည့်ကြမှာလဲ”လို့
ကျောင်းသားခေါင်းဆောင်လေသံနဲ့မေးလိုက်တယ်။
“ဟာ-ထည့်ပါ့မယ်။ထည့်ပါမယ်။အဓိကကတော့ကျမတို့ဂျပန်ကနေမပြန်ရရင်ပြီးတာပါပဲ။ဒီမှာကငွေရှာလို့ကောင်းတယ်ရှင်”
သေချာပြီဗျို့။အလုပ်မလုပ်ချင်ရင်၊ဂျပန်ကိုတနှစ်တခါလောက်သွားသွားပြီးဂွင်ဖန်ရမယ်။
ပြီးရင်-နယူးယောက်ပြန်လာပြီး-အီတလီလုပ်ဖိနပ်တစုံလောက်ဝယ်ရမယ်။
ဟိုကောင်-ဗမာအစိုးရကိုယ်စားလှယ်လာလို့ကတော့သွားပေါက်ပစ်လိုက်မယ်။
မိုးသီးကွ၊ဘာမှတ်လဲ။

Tuesday, March 24, 2009

အကုသိုလ်များလွန်းသူ

ကလေးတို့ရေ..၂၀၁၀ ရွေးကောက်ပွဲကြီးနီးလာတာတဲ့အမျှကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး“မိုးသီး”ကလည်းစစ်အစိုးရအကြိုက်
ဘုန်းကြီးတွေကိုတိုက်ခိုက်မဲ့အရာတွေကိုနေ့မအားညမအားလုပ်နေပါတယ်။ဘုန်းတော်ကြီးတွေဟိုတခါကထုတ်လိုက်တဲ့စာဟာသူ့ကို
အရမ်းထိခိုက်သွားတဲ့အတွက်၊ဦးပဇင်းဦးစာန်ဓောဘာသ ကိုရိုက်ချင်တယ်လို့လည်းတဖွဖွပြောနေပါတယ်။
သူ့ရဲ့အင်တာနေရှင်နယ်အမျိုးသမီးကြီးကလည်းဗမာပြည်ပြန်သွားနေချိန်ဆိုတော့အချိန်တွေအားနေပုံရပါတယ်။

ဖြစ်ပုံကဒီလိုကွဲ့။နယူးယောက်မှာရှိတဲ့သာသနာဥလျှောင်အဖွဲ့မှာအစည်းအဝေးလုပ်ကတည်းကရုံးခန်းမှာတာဝန်ကျတဲ့ကိုယ်တော်တွေဟာ
(၂)လထက်ပိုပြီးမနေရဘူး။မိမိနေတဲ့ဘုန်းတော်ကြီးကျောင်းတွေကိုသာပြန်နေရမယ်လို့သဘောတူညီချက်ရှိတယ်ကွဲ့။

ဦးအဂ္ဂဆိုတဲ့ထားဝယ်ကိုယ်တော်ဟာ(၂)လကျော်တဲ့အတွက်သူ့ရဲ့နေရပ်တက္ကဆပ်ပြည်နယ်ကိုပြန်ရတော့တဲ့အခါ၊ဇတ်လိုက်ကျော်ကြီး
မိုးသီးဇွန်ကဘုန်းတော်ကြီးတွေကိုအပုတ်ချတဲ့လုပ်ဇတ်တွေလုပ်လာပါတော့တယ်။နယူးယောက်မြို့ကဘုန်းတော်ကြီးတွေဟာ
“ဦးအဂ္ဂ”ကိုနှင်ချလိုက်တယ်။ဒါကြောင့်ကန့်ကွက်ကြောင်းလက်မှတ်ထိုးကြပါဆိုပြီးနယူးယောက်မြို့ကဒီမိုကရေစီရေးလုပ်နေသူတွေကို
ဘုန်းတော်ကြီးတွေနဲ့အထင်မှားအမြင်မှားဖြစ်အောင်ရန်တိုက်ပေးတယ်။

ဒါပေမဲ့ကွယ်။မအောင်မြင်ခဲ့ဘူး။သူ့အကြောင်းကိုသိနေတဲ့လူတွေကဆရာမောင်စွမ်းရည်ဆီသွားပြီးတိုင်ပင်တယ်။
ဖြစ်နိုင်၊မဖြစ်နိုင်ပေါ့။ဆရာမောင်စွမ်းရည်ကအကြောင်းစုံရှင်းပြပြီး၊

“မင်းတို့သွားမလုပ်နဲ့၊မင်းတို့ပါစစ်အစိုးရလိုဖြစ်သွားမယ်၊ဘုန်းကြီးတွေရဲ့အစည်းအဝေးကိုမသိပဲနဲ့သွားမတိုက်ခိုက်လေနဲ့” လို့ဆုံးမလွှတ်လိုက်တယ်။

ဇာတ်လိုက်ကျော်ကြီးမခံမရပ်နိုင်ဖြစ်သွားတယ်။အကြံမအောင်တော့ဘူးမို့လား။
ဆရာမောင်စွမ်းရည်ကြီး၊တနင်္ဂနွေနေ့မှာဘုန်းတော်ကြီးကျောင်းဆီကုသိုလ်ရေးလုပ်၊တရားဓမ္မအားထုတ်နေတာကိုဘုန်းကြီးကျောင်းအပြင်ဘက်ကနေ၊ “ဆရာစွမ်းကိုဆွေးနွေးစရာရှိလို့အပြင်ထွက်ခဲ့စမ်းပါလို့” ဆိုသတဲ့

ဆရာစွမ်းက“အောင်မာ..မိုးသီးကစကားပြောချင်ရင်.ငါ့ဆီလာတွေ့ပြီးစကားပြောပေါ့ကွ။ငါကဘာလို့ထွက်တွေ့ရမှာလဲ..”
လို့ငေါက်လွှတ်လိုက်တယ်။အော်..မိုးသီး..မိုးသီး... လူကြီးလည်းနားမလည်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းလည်းနားမလည်
အပယ်ငရဲမှာဘယ်လိုနေရမယ်ဆိုတာလဲမသိ၊အင်း..ရင်လေးဘိ..ရင်လေးဘိ။

Thursday, March 12, 2009

အဖောက်ပြန်ဆုံးလူများ

ခုတော့...ဇော်ဦးမှာ ခွေးလေးတွေပိုင်ဆိုင်သွားပြီ။

သူကစစ်အစိုးရနဲ့မျှစားဖို့ကိုယ်တိုင်ပြောစရာမလိုတော့. ဝင်းမင်း၊အောင်သူငြိမ်း၊အောင်နိုင်ဦး၊မင်းဇော်ဦး

အော်..မိုးသီးဇွန်အုပ်စုသည်အင်မတန်ဖောက်ပြန်သူများပေတကား။

“မိုးသီးဇွန်”ကဘုန်းကြီးတွေအလှူခံရသည့်ပိုက်ဆံကိုအရှက်မရှိပြန်နှိုက်သည်။

“မိုးသီး” ရဲ့တပြည့်ကျော်များကဇော်ဦးဘုံးထားသောပိုက်ဆံဆီကဝေဆုရဖို့အတွက်....လိုက်အူပေးရသည်။

“မိုးသီး” ဆိုသည့်လူ...ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထိုင်အတင်းပြောနေသည်။

ဦးစိန်ဝင်းကိုတိုက်ခိုက်သည်။ကိုသောင်းထွန်းကိုမနာလိုသည်။ အင်တန်းရှစ်လုပ်ပါသည်ဆိုပြီးညွှန့်ပေါင်းအစိုးရဆီကထောက်ခံစာ

ရေးခိုင်းသည်။(ကမ္ဘာမှာရှိရှိသမျှသောကျောင်းသားခေါင်းဆောင်တွေထဲမှာမစ္စတာမိုးသီးကတော့ထူးသည်၊နေရာတကာအချောင်လိုက်

ရှာသည်။ဒါကြောင့်အချောင်သမားတွေအပေါ်တက်ပြီးဥက္ကဌလုပ်ခဲ့တာဘာမှမဆန်း)

မစ္စတာမိုးသီးကသူရဲ့တပည့်တွေဖောက်ပြန်နေတာကိုဘာကြောင့်မပြောသနည်း။

အဖြေကရှင်းသည်။ မိုးသီးကသူ့ကိုထမင်းနှစ်နပ်ကြွေးနေသောသူများဘယ်လောက်ဆိုးဆိုး၊သိတ်ကောင်းကြောင်းခြီးမွမ်းခန်း

ဖွင့်မည်။ဒေါက်တာဇာနည်တုံးဗမာပြည်ပြန်သွားတုံးကလည်း၊မိုးသီးရော၊အောင်သူငြိမ်းရောကြံရာပါဇာတ်လိုက်ကျော်များဖြစ်သည်။

မိုးသီး....မိုးသီး......မီးသိုးပါတကား............

မှတ်ချက် ။ ။ မီးသိုး ဆိုသည်မှာ စပိန်ဝေါဟာရမှာတော့ “တော်တော်ဆိုးတဲ့လူ”ဟုအနက်အဓိပ္ပါယ်ထွက်၏။

Sunday, February 15, 2009

အသက်(၆၀)ကျော်မှသောက်ရူးထနေသူ

ကျနော် “ဘိုဘိုကျော်ငြိမ်း”အမေရိကားမှာအကြွေးတွေမဆပ်နိုင်၊လို့ထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ရပါတယ်။

နိုင်ငံရေးကလည်းဝင်လုပ်ဖို့ဆိုတာကျနော့်ကိုယ်ကျင့်တရားကိုလူတိုင်းကသိနေတော့ဘယ်လိုမှမဖြစ်နိုင်ပါ။

ဒါကြောင့်သူများနာမည်တွေကိုသုံးပြီးဘလောက်တွေမှာလျှောက်ရေးနေပါတယ်။ သခင်သန်းထွန်းနာမည်နဲ့အီးမေးပို့ခဲ့တာလည်းကျနော်

aungmoewin88ဘလောက်ကိုကျနော်ရယ်၊ဖို့ဝင်းကလူတောမတိုးရှာတဲ့ကြာကူလီ(၃)ကောင်ရယ်ပေါင်းပြီးဖွင့်ခဲ့ပါတယ်။

ဒီကောင်တွေကလည်းအလုပ်ပြုတ်နေတဲ့သူ၊မိန်းမကပစ်သွားလို့ကလေးစရိတ်ပေးနေရသူတွေဆိုတော့အလုပ်အကိုင်ကောင်းနေတဲ့

သူတွေကိုမနာလိုဖြစ်မိပါတယ်။ကျနော့ကိုခွှင့်လွှတ်ကြပါ။ကျနော်အခုစိတ်ဓါတ်အရမ်းကျနေပါတယ်။

စိတ်လည်းကစင့်ကလျားဖြစ်နေပါတယ်။အနှိပ်ခန်းသွားဖို့လည်းပိုက်ဆံမရှိတော့ပါ။

ဘိုဘိုကျော်ငြိမ်း(ခ)နွားပွဲစားဂိုက်နှင့်ထန်းညှက်ခဲနှိုက်ဖို့ကြိုးစားသူ