Saturday, February 6, 2010

ရှေ့ကိုချီတက်ကြရဲဘော်တို့

အင်တာနက်မှာ နာမည်အမျိုးမျိုးဖြင့်တက်ပြီးစော်ကားနေသော တပည့်ကျော်မြတ်စိုးကိုပညာရှိများကဖေါ်ထုတ်ဆုံးမလိုက်သောအခါ၊
ဆရာကြီး ခွေးအ ငြိမ်နေလို့မရတော့။ အပြင်မှာ တွတ်တွတ်ကျွတ်ကျွတ်လုပ်နေသည့်ကြွက်သုံးကောင်ကိုတရားဟောဖို့လုပ်၏။

မိတ်ဆွေ၊ရဲဘော်တို့
ကေသရာဇာခြင်္သေ့မင်းတို့မည်သည် ကြေးစည်သံကြားရင်ဘာဖြစ်တာလဲ၊ဘာဖြစ်တာလဲဆိုပြီးမကြောက်ဘူး။
ရှေ့ကိုချီတက်တယ်။ ဒါပေမဲ့ ကျုပ်တို့က ကေသရာဇာခြင်္သေ့မဟုတ်ဘူး။ “ခွေးအ” လေဗျာ။
ခွေးအ ဆိုတာ တယောက်တည်းမနေရဲဘူး။ သူများကိုက်သတ်ထားတဲ့ဟာကိုစားဖို့အလစ်ချောင်းတယ်။
ခွေးအ ကို ခွေးအမျိုးအစားထဲမှာ အချောင်သမားလို့နာမည်ကြီးတယ်။
စကပ်ကြိုက်တဲ့သူက စကပ်မြင်တယ်။ အရက်ကြိုက်တဲ့သူက အရက်မြင်တယ်။
အဲ- ကျုပ်ကတော့ ထမိန်စုတ်မြင်တယ်။ ရဲဘော်တို့ကော ဘာမြင်လဲ။ ပြောပါရှက်စရာမလိုဘူး။
( ကြွက်စုတ်များ တယောက်မျက်နှာတယောက်ကြည့်ကာ အမှိုက်ပုံဆီကိုပြေးရန်ပြင်ကြပြန်၏။)
အဲ- ကျုပ်ကတော့ ကြေးစည်သံကြားရင်မအူဘူး။ ဒါပေမဲ့ မိုးကြိုးပစ်သံကြားရင်ကြောက်တယ်။
ဘယ်နှယ်ဗျာ။ ကျုပ် မဟုတ်တယုတ်လုပ်ထားတာ နတ်ဒေဝါတွေ က သိတယ်ဗျ။ တော်ကြာ လူစင်စစ်ကနေမီးသွေးခဲဖြစ်သွားမှဖြင့်

“အများရဲ့ဝန်ထုပ်ဝန်ပိုးကိုသယ်ယူလိုစိတ်မရှိတဲ့ခေါင်းဆောင်နောက်
လိုက်မိတဲ့သူတွေဟာတောလမ်းခရီးမှာကျားစားခံရပြီသာမှတ်။
လှည်းသားငါးရာဇာတ်တွင် ခေါင်းဆောင်သည် အရည်အချင်းမရှိ၊ စံပြမဖြစ်
၊အနစ်နာမခံသဖြင့် ဘီလူးစားခံရကာဆုံးရှုံးပျက်စီးကြသည်” တဲ့

ဒီစာသား က ကျုပ် ကို စောင်းပြောတာလားမသိဘူး။ တော်တော်ဆိုးတဲ့ကောင်တွေ။
ရုပ်ရှင်နဲ့ ဟာသ သရုပ်ဆောင် ဦးဂျော်လီဆွေကြီးတော့ ကွယ်လွန်ရှာပြီဗျာ။
သူက ရယ်ရတယ်ဗျို့။ အောင်မာ ကျုပ်မိန့်ခွန်းတွေကလည်း ရယ်ရပါတယ်။
ကျုပ်အသုဘ ကို သူ့လို စည်စည်ကားကားဖြစ်အောင်လုပ်ပေးနော်။ ဟော-မိုးအုံ့လာပြီ။ ပုန်းစရာနေရာရှာအုံးမှ။
တော်ကြာ- အပေါ်တက်မိန့်ခွန်းပြောပြောနေတာကနေ မီးသွေးခဲဖြစ်သွားလို့
မိုးသီး ကနေ မီးသီးဖြစ်သွားမယ်။

Friday, February 5, 2010

ဘာဆက်လုပ်ရမှန်းမသိတော့ဘူး

ကေသရာဇာခြင်္သေ့တို့မည်သည်အလုပ်ကိုအချိန်နဲ့လုပ်တယ်။
မနက်ဆို(၁၁)နာရီလောက်မှထတယ်။နေ့လည်စာစားတယ်။လက်ဘက်ရည်ဆိုင်ထိုင်တယ်။အတင်းပြောတယ်။
အဲ-လောလောဆည်ဘာလုပ်ရမှန်းမသိဘူး။
မစိုးရိမ်ဆရာတော်ဘုရားကြီးကိုသွားလျှောက်လိုက်အုံးမယ်။ အောက်မှာ မှတ်တမ်းတင်ထားပါတယ်။
ဘုန်းဘုန်းဘုရား-တပည့်တော် ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။
အဟင့်-အဟင့်-အဟင့်- ၇ွှတ်

Sunday, January 10, 2010

Wednesday, January 6, 2010

ထမိန်စုတ်ခိုစားနေသောကြွက်ကြီးရဲ့မူ

အနှီမိုးသီးကား- နေရာပေးလျင်အရယူ၏။မုန့်ကျွေးလျင်အကောင်းပြော၏။သူ့မှာကျေးဇူးတရားဆိုသည်မှာဂျိုနှင့်လားဟုမေး၏။
လတ်တလောကျွေးသောလက်ကိုနမ်းတတ်၏။ သူ၏ကောလဟာလ၊မြန်မာစာသတ်ပုံအဆိုးဆုံးဘလောက်မှ ၂၀၀၉၏
စိတ်ပျက်စရာအကောင်းဆုံးသတင်းများလူများကိုတင်ပေးလေသည်။ ရွေးကောက်ပွဲဝင်သင့်သည်ဟုပြောသောစာရေးဆရာကျော်ဝင်းကို
ထိုးနှက်တိုက်ခိုက်သည့်စာများကိုတင်ပေးသော်လည်း၊ဦးဝင်းတင်ကိုစော်ကားသော၊ရွေးကောက်ပွဲမဝင်သူများသည်စိတ်ခံစားမှုအတိုင်း
လုပ်သူများဟုစွတ်စွဲတိုက်ခိုက်ပြီး၊ရွေးကောက်ပွဲဝင်သင့်သည်ဟုပြောနေသောဖာကောင်းဘိုဘိုကျော်ငြိမ်းကိုတော့စင်တင်မပျက်။

တကယ်တော့မထူးစမ်းလှပါ။ မိုးသီးဆိုသောအနှီသတ္တဝါ၏ဘဝကား-မုန့်ကျွေးသောသူသည်သာအရှင်သခင်။
ဥက္ကဌ ဟု တစုံတယောက်ကခေါ်လျင် ကျွဲကြီးအစာဝါးသလိုပြဲပြီးဖြီးနေ၏။ အော်--သနားစဖွယ်ကောင်းလေစွ။

ဗကပ လူများကဝိုင်းလုပ်ပေးသောကြောင့် နာမည်ကြီးခဲ့သော မိုးသီးဇွန်--တယောက် ပြည်ပမှာတော့ “ကြွက်ကြီး”အဖြစ်နာမည်ကြီး၏။
ဦးကျော်ငြိမ်းကမှန်သည်။ ဗကပ မှားသည်ဟုစကားဝိုင်းတွေမှာပြောသည်။ သို့သော်-မှတ်တမ်းမှတ်မည်ဟုပြောသောအခါ
မှတ်တမ်းမယူရဲ။ အော်-သွေးနည်းသော ကြွက်ကြီးပါတကား။
ဗိုလ်ချုပ်သန်းရွှေ က ငှက်ပျောသီးကျွေးရင်-သန်းရွှေအစိုးရကောင်းသည်ဟု-အနှီကြွက်ကြီးကပြောမည်မှာအသေအချာ။
အော်-မိုးသီးမိုးသီး-နယူးယောက်မြို့ဆင်းရဲသားရပ်ကွက်မှာ ထမိန်စုတ်ခိုစားသောကြွက်ကြီးပါတကား