Sunday, January 10, 2010

Wednesday, January 6, 2010

ထမိန်စုတ်ခိုစားနေသောကြွက်ကြီးရဲ့မူ

အနှီမိုးသီးကား- နေရာပေးလျင်အရယူ၏။မုန့်ကျွေးလျင်အကောင်းပြော၏။သူ့မှာကျေးဇူးတရားဆိုသည်မှာဂျိုနှင့်လားဟုမေး၏။
လတ်တလောကျွေးသောလက်ကိုနမ်းတတ်၏။ သူ၏ကောလဟာလ၊မြန်မာစာသတ်ပုံအဆိုးဆုံးဘလောက်မှ ၂၀၀၉၏
စိတ်ပျက်စရာအကောင်းဆုံးသတင်းများလူများကိုတင်ပေးလေသည်။ ရွေးကောက်ပွဲဝင်သင့်သည်ဟုပြောသောစာရေးဆရာကျော်ဝင်းကို
ထိုးနှက်တိုက်ခိုက်သည့်စာများကိုတင်ပေးသော်လည်း၊ဦးဝင်းတင်ကိုစော်ကားသော၊ရွေးကောက်ပွဲမဝင်သူများသည်စိတ်ခံစားမှုအတိုင်း
လုပ်သူများဟုစွတ်စွဲတိုက်ခိုက်ပြီး၊ရွေးကောက်ပွဲဝင်သင့်သည်ဟုပြောနေသောဖာကောင်းဘိုဘိုကျော်ငြိမ်းကိုတော့စင်တင်မပျက်။

တကယ်တော့မထူးစမ်းလှပါ။ မိုးသီးဆိုသောအနှီသတ္တဝါ၏ဘဝကား-မုန့်ကျွေးသောသူသည်သာအရှင်သခင်။
ဥက္ကဌ ဟု တစုံတယောက်ကခေါ်လျင် ကျွဲကြီးအစာဝါးသလိုပြဲပြီးဖြီးနေ၏။ အော်--သနားစဖွယ်ကောင်းလေစွ။

ဗကပ လူများကဝိုင်းလုပ်ပေးသောကြောင့် နာမည်ကြီးခဲ့သော မိုးသီးဇွန်--တယောက် ပြည်ပမှာတော့ “ကြွက်ကြီး”အဖြစ်နာမည်ကြီး၏။
ဦးကျော်ငြိမ်းကမှန်သည်။ ဗကပ မှားသည်ဟုစကားဝိုင်းတွေမှာပြောသည်။ သို့သော်-မှတ်တမ်းမှတ်မည်ဟုပြောသောအခါ
မှတ်တမ်းမယူရဲ။ အော်-သွေးနည်းသော ကြွက်ကြီးပါတကား။
ဗိုလ်ချုပ်သန်းရွှေ က ငှက်ပျောသီးကျွေးရင်-သန်းရွှေအစိုးရကောင်းသည်ဟု-အနှီကြွက်ကြီးကပြောမည်မှာအသေအချာ။
အော်-မိုးသီးမိုးသီး-နယူးယောက်မြို့ဆင်းရဲသားရပ်ကွက်မှာ ထမိန်စုတ်ခိုစားသောကြွက်ကြီးပါတကား