Tuesday, March 24, 2009

အကုသိုလ်များလွန်းသူ

ကလေးတို့ရေ..၂၀၁၀ ရွေးကောက်ပွဲကြီးနီးလာတာတဲ့အမျှကျနော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး“မိုးသီး”ကလည်းစစ်အစိုးရအကြိုက်
ဘုန်းကြီးတွေကိုတိုက်ခိုက်မဲ့အရာတွေကိုနေ့မအားညမအားလုပ်နေပါတယ်။ဘုန်းတော်ကြီးတွေဟိုတခါကထုတ်လိုက်တဲ့စာဟာသူ့ကို
အရမ်းထိခိုက်သွားတဲ့အတွက်၊ဦးပဇင်းဦးစာန်ဓောဘာသ ကိုရိုက်ချင်တယ်လို့လည်းတဖွဖွပြောနေပါတယ်။
သူ့ရဲ့အင်တာနေရှင်နယ်အမျိုးသမီးကြီးကလည်းဗမာပြည်ပြန်သွားနေချိန်ဆိုတော့အချိန်တွေအားနေပုံရပါတယ်။

ဖြစ်ပုံကဒီလိုကွဲ့။နယူးယောက်မှာရှိတဲ့သာသနာဥလျှောင်အဖွဲ့မှာအစည်းအဝေးလုပ်ကတည်းကရုံးခန်းမှာတာဝန်ကျတဲ့ကိုယ်တော်တွေဟာ
(၂)လထက်ပိုပြီးမနေရဘူး။မိမိနေတဲ့ဘုန်းတော်ကြီးကျောင်းတွေကိုသာပြန်နေရမယ်လို့သဘောတူညီချက်ရှိတယ်ကွဲ့။

ဦးအဂ္ဂဆိုတဲ့ထားဝယ်ကိုယ်တော်ဟာ(၂)လကျော်တဲ့အတွက်သူ့ရဲ့နေရပ်တက္ကဆပ်ပြည်နယ်ကိုပြန်ရတော့တဲ့အခါ၊ဇတ်လိုက်ကျော်ကြီး
မိုးသီးဇွန်ကဘုန်းတော်ကြီးတွေကိုအပုတ်ချတဲ့လုပ်ဇတ်တွေလုပ်လာပါတော့တယ်။နယူးယောက်မြို့ကဘုန်းတော်ကြီးတွေဟာ
“ဦးအဂ္ဂ”ကိုနှင်ချလိုက်တယ်။ဒါကြောင့်ကန့်ကွက်ကြောင်းလက်မှတ်ထိုးကြပါဆိုပြီးနယူးယောက်မြို့ကဒီမိုကရေစီရေးလုပ်နေသူတွေကို
ဘုန်းတော်ကြီးတွေနဲ့အထင်မှားအမြင်မှားဖြစ်အောင်ရန်တိုက်ပေးတယ်။

ဒါပေမဲ့ကွယ်။မအောင်မြင်ခဲ့ဘူး။သူ့အကြောင်းကိုသိနေတဲ့လူတွေကဆရာမောင်စွမ်းရည်ဆီသွားပြီးတိုင်ပင်တယ်။
ဖြစ်နိုင်၊မဖြစ်နိုင်ပေါ့။ဆရာမောင်စွမ်းရည်ကအကြောင်းစုံရှင်းပြပြီး၊

“မင်းတို့သွားမလုပ်နဲ့၊မင်းတို့ပါစစ်အစိုးရလိုဖြစ်သွားမယ်၊ဘုန်းကြီးတွေရဲ့အစည်းအဝေးကိုမသိပဲနဲ့သွားမတိုက်ခိုက်လေနဲ့” လို့ဆုံးမလွှတ်လိုက်တယ်။

ဇာတ်လိုက်ကျော်ကြီးမခံမရပ်နိုင်ဖြစ်သွားတယ်။အကြံမအောင်တော့ဘူးမို့လား။
ဆရာမောင်စွမ်းရည်ကြီး၊တနင်္ဂနွေနေ့မှာဘုန်းတော်ကြီးကျောင်းဆီကုသိုလ်ရေးလုပ်၊တရားဓမ္မအားထုတ်နေတာကိုဘုန်းကြီးကျောင်းအပြင်ဘက်ကနေ၊ “ဆရာစွမ်းကိုဆွေးနွေးစရာရှိလို့အပြင်ထွက်ခဲ့စမ်းပါလို့” ဆိုသတဲ့

ဆရာစွမ်းက“အောင်မာ..မိုးသီးကစကားပြောချင်ရင်.ငါ့ဆီလာတွေ့ပြီးစကားပြောပေါ့ကွ။ငါကဘာလို့ထွက်တွေ့ရမှာလဲ..”
လို့ငေါက်လွှတ်လိုက်တယ်။အော်..မိုးသီး..မိုးသီး... လူကြီးလည်းနားမလည်၊ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းလည်းနားမလည်
အပယ်ငရဲမှာဘယ်လိုနေရမယ်ဆိုတာလဲမသိ၊အင်း..ရင်လေးဘိ..ရင်လေးဘိ။

Thursday, March 12, 2009

အဖောက်ပြန်ဆုံးလူများ

ခုတော့...ဇော်ဦးမှာ ခွေးလေးတွေပိုင်ဆိုင်သွားပြီ။

သူကစစ်အစိုးရနဲ့မျှစားဖို့ကိုယ်တိုင်ပြောစရာမလိုတော့. ဝင်းမင်း၊အောင်သူငြိမ်း၊အောင်နိုင်ဦး၊မင်းဇော်ဦး

အော်..မိုးသီးဇွန်အုပ်စုသည်အင်မတန်ဖောက်ပြန်သူများပေတကား။

“မိုးသီးဇွန်”ကဘုန်းကြီးတွေအလှူခံရသည့်ပိုက်ဆံကိုအရှက်မရှိပြန်နှိုက်သည်။

“မိုးသီး” ရဲ့တပြည့်ကျော်များကဇော်ဦးဘုံးထားသောပိုက်ဆံဆီကဝေဆုရဖို့အတွက်....လိုက်အူပေးရသည်။

“မိုးသီး” ဆိုသည့်လူ...ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထိုင်အတင်းပြောနေသည်။

ဦးစိန်ဝင်းကိုတိုက်ခိုက်သည်။ကိုသောင်းထွန်းကိုမနာလိုသည်။ အင်တန်းရှစ်လုပ်ပါသည်ဆိုပြီးညွှန့်ပေါင်းအစိုးရဆီကထောက်ခံစာ

ရေးခိုင်းသည်။(ကမ္ဘာမှာရှိရှိသမျှသောကျောင်းသားခေါင်းဆောင်တွေထဲမှာမစ္စတာမိုးသီးကတော့ထူးသည်၊နေရာတကာအချောင်လိုက်

ရှာသည်။ဒါကြောင့်အချောင်သမားတွေအပေါ်တက်ပြီးဥက္ကဌလုပ်ခဲ့တာဘာမှမဆန်း)

မစ္စတာမိုးသီးကသူရဲ့တပည့်တွေဖောက်ပြန်နေတာကိုဘာကြောင့်မပြောသနည်း။

အဖြေကရှင်းသည်။ မိုးသီးကသူ့ကိုထမင်းနှစ်နပ်ကြွေးနေသောသူများဘယ်လောက်ဆိုးဆိုး၊သိတ်ကောင်းကြောင်းခြီးမွမ်းခန်း

ဖွင့်မည်။ဒေါက်တာဇာနည်တုံးဗမာပြည်ပြန်သွားတုံးကလည်း၊မိုးသီးရော၊အောင်သူငြိမ်းရောကြံရာပါဇာတ်လိုက်ကျော်များဖြစ်သည်။

မိုးသီး....မိုးသီး......မီးသိုးပါတကား............

မှတ်ချက် ။ ။ မီးသိုး ဆိုသည်မှာ စပိန်ဝေါဟာရမှာတော့ “တော်တော်ဆိုးတဲ့လူ”ဟုအနက်အဓိပ္ပါယ်ထွက်၏။