Wednesday, December 24, 2008

ပျော်ရွင်သောခရစ်စမတ်ဖြစ်ပါစေကိုမိုးသီးရေ....

ကိုမိုးသီးခင်ဗျား.......
တကယ်တမ်းကျနော်တို့အချိန်ကုန်ခံမရေးချင်သောကိစ္စတွေပါ။
သို့သော်..ကိုမိုးသီးရဲ့ဘလောက်ဟာနယ်စပ်ကကျောင်းသားတွေ၊ဘုန်းတော်ကြီးတွေ၊ကိုယ့်ထက်ငယ်တဲ့မျိုးဆက်တွေကိုအဆက်မပြတ်ရေးသား
လာတဲ့စာတွေကိုဖတ်ရပါတယ်။ကျောင်းသားခေါင်းဆောင်တယောက်ဟာညီညွတ်ရေးကိုကိုယ်ကစပြီးလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မထားတဲ့အပြင်မိမိဥက္ကဌမလုပ်ရ
ရင်အဖွဲ့ခွဲထောင်လေ့ရှိတဲ့ကိုမိုးသီးရဲ့စရိုက်တွေကြောင့်အမေရိကန်ပြည်ထောင်စုမှာကိုမိုးသီးရောက်ပြီးကတည်းက
ကျောင်းသားညီညွတ်ရေးဟာအဆိုးဝါးဆုံးပြိုကွဲလာတာကိုတွေ့ရပါတယ်။
(မကြာခင်ကအဖြစ်အပျက်ကိုကြည့်ပါ။ရှစ်လေးလုံးကျောင်းသား(၉)ယောက်အစည်းအဝေးမှာကိုမိုးသီးကိုဥက္ကဌမပေးတော့
ခွဲထွက်သွားတာတွေ၊အကြောင်းမသိတဲ့သူတွေကြားမှာဥက္ကဌသွားလုပ်တာတွေဟာရှက်စရာအရမ်းကောင်းပါတယ်။
ကိုမိုးသီးရဲ့နေရာရူးပုံကတော့လွန်ခဲ့တဲ့အနှစ်(၂၀)တုံးကလိုပါပဲ။အမေရိကရောက်မှကိုမိုးသီးဖွဲ့တဲ့ဖက်ဒရေးရှင်း (၂) ခုရှိပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုဖြစ်မဖြစ်တော့မသိဘူး။ ကိုမိုးသီးကဖက်ဒရယ်အဖွဲ့ဖွဲ့ရင်ဥက္ကဌလုပ်မှာတော့သေချာပါတယ်)

ကိုမိုးသီးဘလောက်မှာလျှောက်ရေးနေတဲ့ဖို့ဝင်းဒ်ကလူတောမတိုးသော၊ကိုယ်ကျင့်သိက္ခာမှာနာမည်ဆိုးနှင့်ကျော်ကြားသောမြတ်စိုးလို
ကောင်မျိုးကျနော်တို့စကားထဲမှာထည့်ပြောမှာမဟုတ်ပါ။
သို့သော်မဟုတ်တယုတ်များကိုရေးသားခွင့်ပြုနေသောကိုမိုးသီးကိုသာကျနော်တို့ကပြန်လည်ပြောကြားမှာဖြစ်ပါတယ်။
ကိုမိုးသီးရဲ့ဘလောက်ကဟာတွေကရယ်လို့ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျနော်တို့လည်းကိုမိုးသီးတို့အုပ်စုလိုပျော်စရာကောင်းတဲ့အရာတွေရေးမလားလို့စဉ်းစားကြည့်တယ်။
ကိုမိုးသီးတို့အုပ်စုနဲ့အနုပညာပြိုင်တယ်လို့ပဲယူဆပါတယ်။ပန်းနဲ့ပေါက်တယ်လို့ပဲသဘောထားကြပါတယ်။

နိုင်ငံ(၆) နိုင်ငံမှာရှိတဲ့ကိုမိုးသီးနဲ့ပတ်သက်ခဲ့တဲ့ကျောင်းသားတွေကအစည်းအဝေးလုပ်ပြီးကိုမိုးသီးအမှတ်တရသေတမ်းစာတစောင်
ရေးမလားလို့စဉ်းစားကြတယ်။ကျနော်တို့ဒီစာတမ်းတွေကိုစာအုပ်လည်းထုတ်မှာပါ။
ကျနော်တို့ကိုယ်ရေးရာဇဝင်တွေလည်းထည့်မှာပါ။
ကိုမိုးသီးကိုသိတ်ချစ်တဲ့အမေရိကကကိုအောင်မိုးဝင်းလည်းပါတာပေါ့ဗျာ။
ကျနော်တို့ရဲ့ဟာသတွေကိုလည်းဖတ်ကြည့်ပေးပါအုံး။ကိုမိုးသီးမွေးထားတဲ့ကြာကူလီအုပ်စုကိုလည်းရေးခိုင်းပါအုံး။
ရယ်ရတာပေါ့ဗျာ။အောက်မှာကျနော်တို့ရဲ့ပထမဆောင်းပါးပို့ပေးလိုက်ပါတယ်။

5 comments:

  1. ဒီလိုရန်သူအကြိုက်ရေးနေသူတွေဟာ ရန်သူရဲ့မူနဲ့ ထပ်တူကျတာမို့  ကျမတို့ လုံးလုံး လက်မခံပါဘူး
    မြန်မာပြည်သူတွေဟာ ယနေ့ ထက်ထိ မိုးသီးဇွန် ဆိုတာကိုစိတ်ဝင်စားနေဆဲ အားထားနေဆဲဆိုတာ
    မြန်မာပြည် နဲ့ ပတ်သတ်နေသူမှန်ရင် ရှင်တို့ သိကြမှာပါ တော်လှန်ရေးကာလရှည်လာတာနဲ့အမျှ
    ဦးဆောင်ခဲ့တဲ့သူတွေမှာ နှစ်နှစ်ဆယ်လုံးလုံးသမိုင်းလှလှ ရေးနိုငမှရေးနိုင်ကြပါလိမ့်မယ် ။ လူမှုဘဝ
    အကြပ်အတည်းတွေကြားမှာ မည်သူမဆို လွဲချော်ခဲ့တဲ့ ကိစ္စ မျိုး ၇ှိကောင်းရှိပါလိမ့်မယ် - ဒါပေမဲ့
    ခုလိုခုလောက် အရေးအသားတွေနဲ့ ဆော်ကားနေကြတာတော့ အောက်တန်းသိတ်ကျပါတယ် ။။
    ပုဂိုလ်ရေးယှဉ်ပြိုင်မှုတွေမှာမနိုင်ခဲ့ရင်တော် ခုလို အောက်လမ်းနည်းတွေ နဲ့ မတိုက်ခိုက်သင့်ပါဘူး
    ကျမ မိုးသီးတပည့်မဟုတ်ပါဘူး ဒါပေမဲ့ မိုးသီးဇွန် ဟာ လက်၇ှိအခြေအနေအထိ ရန်သူအပေါ်အာရုံ
    ထားပြီး တိုက်ခိုက်နေဆဲမို့  ရှင်တို့ ဆဲ သမျှ သူ မမှုဘူးလို့  ကျမယုံပါတယ် အဲ -- ဒီစကားရိုင်းတွေ
    ကြောင့် နိုင် သွားတာက စစ်အုပ်စုပါပဲ ဘယ်သူမှာမနိုင်ဘူး ၇ှင်တို့ ပြောသူရော အပြောခံရသူပါ
    ဂုဏ်သိက္ခါတွေတက် မလာဘူး ဒီတော့ ကျမ ပြောချင် တာ 8888peoplepower@yahoogroups.com
    ဆိုတဲ့ ဂရု မေး(လ်) အပေါ်မှာအသုံးချပြီး အားအားယားယား လျောက် ရေးနေတာတော့ ရှင်တို့ 
    ယောင်္ကျားတွေ သိတ်နိမ့်ကျလွန်းပါတယ် -- ရှင်တို့ ခု မိုးသီးကို ဆော်လိုက်ပြီကွ ဆိုပြီး ပြုံးပျော်နေတဲ့
    ပီတိတွေဟာ တနေ့  ကိုယ်လိပ်ပြာကိုယ် မလွဲမသွေပြန်ရှက် ကြရမှာအမှန်ပါ ။။
    အသိတရားအရှက်တရား၇ှိတက်ကြဖို့ 
    လမင်းခင်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ကျနော်ကတော့ ဒီလိုအရေှးအသားတွေကို လုံဝကြိုဆိုပါတယ်။ သာမာန်ခံစားချက်ကို အ ခြေခံပြီး ဒီစာတွေက ထွက်အန်လာတာ မဟုတ်ပါဘူး။ ဖတ်သူက ချင့်ယုံဘို့ ပါဘဲ။ နောက်ဆုံး သူတို့ ရဲ စာရေးခြင်း အနုပညာကို လည်ုး ခံစားလို့ ရပါတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့  အသိဥာဏ်နဲ့  အတွေ့ အကြုံ နည်းပါးမှု့ ကြောင့် ဖြစ်သမျှအကျိုးဆက်ကို လုံဝဥဿုံ ခွင့်လွှတ်လို့ ရပေမင့် လူပါးဝမှု့ ၊ အတ္တလွန်ကဲမှု့ စတာတွေကိုတော့ ဖေါ်ထုတ်တာဟာ အကောင်းဆုံးပါ။ သိပ်သေးမွှားတဲ့ ဥာဉ်ဆိုးကစ ဖေါ်ထုတ်ရေးသားသင့်ပါတယ်။ အဲဒီ ဥာဉ်ဆိုးအသေးလေးက လူ့ အသိုင်းအ၀ိုင်းကို ကြီးမားတဲ့ ဒုက္ခပေးပါတယ်။ ခေါင်းဆောင်ဥာဉ်မကောင်းရင် အဖွဲ့ ဟာ တိုးတက်စည်ပင်မှု မရှိနိုင်ပါဘူး။

    ရဲဘော်က ပွတ်ချွန်းသောက်ပြီး ခေါင်းဆောင်က ၅၅၅ ခဲတာတွေကို အင်နဲ့ အားနဲ့  ဆန့် ကျင်တိုက်ခိုက်ရပါလိမ့်မယ်။ ၀န်ခံရယင် ကိုမိုးသီးဟာ ကျနော်ငယ်ငယ်က ကျနောတို့်ရဲ့  သူရဲကောင်းပါ။ လေးစားမှု့ တွေ ရှိနေဆဲပါ။

    သခင်သန်းထွန်းကို ပါတီရဲ့ သစ္စာဖောက် ၂ ယောက်က သူ့ ရဲ့ နောက်ဆုံးနေ့ များဆိုတဲ့ စာအုပ်နဲ့ အိုးမဲသုတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ဥက္ကဌကြီးရဲ့  လက်အောက်ငယ်သားတွေနဲ့ အခွင့် တန်းတူခံစားတယ်ဆိုတာ ထင်ထင်ရှားရှားကြီးသွားတွေ့ ရတယ်။ဒါတောင်မှ မြရာပင်ရဲ့  ပါတီအပေါ်ထိုးခွဲတဲ့ စာပေတိုက်ပါ။ ဘယ်လောက်ကြည်ညိုစရာကောင်းလိုက်သလဲ။

    fvck the ruler

    ReplyDelete
  4. ကျနော့်  အတွေးအခေါ်ကတော့ ကိုမိုးသီးနဲ့  လုံးဝ မတူပါဘူး။

    ဒါပေမဲ့ မီးသွေးရောင်းတဲ့ လူတန်းစားတို့ ဘာတို့ ကတော့ ချိုးတဲ့ ပုံစံနဲ့  မရေးသင့်ပါဘူး။ ဒီလူတန်းစား လက္ခဏာက ဂုဏ်ယူစရာပါ။

    ဝေဖန်စောကြောမှု့ ကို အားပေးလျှက်

်fvck the ruler

    ReplyDelete